မြန်မာ MoU အလုပ်သမား ၁၀၀ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ MoU အလုပ်သမား ၁၀၀ ဦးသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် သြဂုတ် ၁၅ ရက်နေ့မွန်းလွဲပိုင်းက ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

မြန်မာ MoU အလုပ်သမား အမျိုးသား ၂၀ ဦးနှင့်အမျိုးသမီး ၈၀ ဦး (စုစုပေါင်း ၁၀၀ ဦး)တို့သည် ထိုင်းနိုင်ငံ၌ ၂ နှစ် စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင် စင်ရအေဂျင်စီ Golden Royal Mandalay Co,Ltd မှ ထိုင်းနိုင်ငံရှိ Swet Kanchanaburi Co,Ltd သို့တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ MoU အလုပ်သမားများအား ကော့သောင်းခရိုင်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်လေဆိပ်မှတဆင့် ခေါ်ဆောင်လာသည့် မြန်မာ MoU အလုပ်သမားများအား ကော့သောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ရေကြောင်းခရီးဖြင့် ကုမ္ပဏီတာဝန်ရှိသူများကပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။  sdtimedaily