ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်။  ။ သြဂုတ် (၇)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲ ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ နံနက်(၁၀) နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ်ရှိ ဒေ၀သာဂရ သိမ်ဖြူတော်ကြီးတွင်ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခဲ့ ကြပါသည်။ ထို့နောက် ရေစက်ချတရားနာကြားခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းမှုကို   အ‌ရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးညဏ်၀င်းထိုက်၊ အတွင်းရေးမှုး ဒေါ်ဇာခြည်လင်း၊ အလုပ်အမှုဆောင် ဒေါ်လဲ့လဲ့အေး ၊အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှုးများ၊ ကော်မတီ၀င်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆပ်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။