ဒူဘိုင်းက Software Engineer တွေဟာ ကမ္ဘာမှာ တတိယ လစာ အများဆုံးဖြစ်နေ

ဒူဘိုင်းက နည်းပညာ နယ်ပယ်မှာ အလုပ်လုပ်နေသူတွေဟာ ကမ္ဘာမှာ တတိယ လစာ အများဆုံးရနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အနည်းဆုံး လုပ်သက် ၃ နှစ်ရှိတဲ့ ဒူဘိုင်းက Software Engineer တွေဟာ လန်ဒန်၊ အမ်စတာဒမ်နဲ့ ဘာလင်က Software Engineer တွေထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

ဆီလီကွန်တောင်ကြားနဲ့ နယူးယောက်က Software Engineer တွေကတော့ ဒူဘိုင်းထက် ၃၅ ရာခိုင်နှုန်းနဲ့ ၂၂ ရာခိုင်နှုန်း ပိုရနေကြပါတယ်။

Hays 2022 Salary Guide အရ UAE က Software Development Director တွေဟာ လစာ Dh52,500 ($14,295) ရကြပါတယ်။ Front-end Developer/Engineer တွေဟာ Dh25,000 ၊ Back-end Developer/Engineer တွေက Dh23,500 ၊ Mobile App Developer တွေက Dh24,000 ၊ Engineering Manager တွေက Dh45,000 နဲ့ Software Engineering အကြီးအကဲက Dh55,000 ရကြပါတယ်။

 “ ဒူဘိုင်းဟာ ကမ္ဘာ့ စီးပွားရေး ဗဟိုချက် ဖြစ်ပြီး ဝင်ငွေခွန် မပေးရတာ၊ ကမ္ဘာ့အဆင့်မှီ အခြေခံ အဆောက်အဦးတွေ ရှိတာ၊ လူနေမှုဘဝ မြင့်မားတာတွေကြောင့် နည်းပညာ လုပ်သားတွေအတွက် အရမ်းကို စွဲဆောင်မှု ရှိပါတယ်။ ယူအေအီးမှာ နည်းပညာ လုပ်သားတွေ ဆက်လက်တိုးပွားနေဦးမှာ ဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးဟာ ကမ္ဘာ့အဆင့်ရှိနေဦးမှာပါ။ “ လို့ ကျွမ်းကျင်သူ တစ်ယောက်က သုံးသပ်ပါတယ်။

Ref : gizchina