တိုက်စစ်မှူးမာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လီဗာပူး ပယ်ချ

လီဗာပူးအသင်းဟာ တိုက်စစ်မှူးမာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ပေါင်သန်း(၃၀)နဲ့ဒုတိယအကြိမ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ မာနေးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မားနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ကနဦး ပေါင်(၂၅)သန်းနဲ့ကမ်းလှမ်းမှုကိုလည်း လီဗာပူအသင်း ပယ်ချခဲ့ပါတယ်။ မာနေးအတွက် add-on ကြေးအပါအဝင် ပေါင်သန်း(၃၀)နဲ့ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး။ ဒုတိယအကြိမ်ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေးအပြင် ဘိုင်ယန်မြူးနစ်ချန်ပီယံလိဂ် ဖလားနဲ့ နောက်(၃)ရာသီအတွင်း Ballon d’Or ဆုကို  မာနေး ဆွတ်ခူးမယ်ဆိုရင် ထပ်ဆောင်းပေးမယ့် အပိုဆုကြေးအပေါ် လီဗာပူးအသင်းက နှစ်သက်မှုမရှိဘူးလို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အသက်(၃၀)အရွယ် တိုက်စစ်မှူးမာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၂.၅)သန်းရရှိဖို့ ဆန္ဒရှိနေပါတယ်။ မာနေးရဲ့လီဗာပူးအသင်းနဲ့ လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံးနှစ်ကို ဝင်ရောက်နေပြီဖြစ်ပြီး အသင်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ မာနေးက အရိပ်အမြွက် ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က သတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်မှူးမာနေးက ဆီနီဂေါပရိသတ်တွေဆန္ဒအရ လီဗာပူးကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။