ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းသို့ တက်ရောက်

 

ကော့ကရိတ်၊ အောက်တိုဘာ

ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ကော့ကရိတ်မြို့နယ်ရှိ တောင်ဘက်ခြမ်း ကိုယ်စားလှယ်များလိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက ကော့ကရိတ် မြို့နယ် တံတားဦးကျေး ရွာတွင်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ကညင်ကတိုက်ကျေးရွာ၊ မွန်းလွဲ ၁၂ နာရီ တွင် ပိုင်ရပ်ကျေးရွာတို့၌ ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်းသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။