ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နှင့် အောင်နိုင်ရေးအလံတင် အခမ်းအနား ကျင်းပ

 

နေပြည်တော် စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ နံနက် ၈နာရီက ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်နှင့် အောင်နိုင်ရေးအလံတင် အခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို ရှေးဦးစွာ နိုင်ငံတော် အလံအလေးပြုပြီးနောက် ပါတီအောင်နိုင်ရေး အလံလွှင့်ထူ အလေးပြုခဲ့ကြသည်။ ယင်းနောက် ပါတီဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ပါ အောင်နိုင်ရေးဆိုင်းဘုတ်အား စိုက်ထူ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမြင့်အောင်သန်း၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းနှင့် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၊ ဒက္ခိဏခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ပါတီကော်မတီဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် ပါတီကော်မတီဝင်များနှင့် ပါတီအောင်နိုင်ရေးအဖွဲ့များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)