လက်စတာစီးတီးအသင်း ဂျာဆီသစ်မိတ်ဆက်ပွဲကျင်းပ

ထိုင်းနိုင်ငံ King Power Group ရဲ့အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌ အိုင်ယာဝပ် ဆရီဗက်ဟာနာပရာဟာတို့ဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ပရီးမီးယားလိဂ်ရာသီသစ်အတွက် ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးရဲ့ ဂျာဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ အသင်းရဲ့ကြွေးကြော်သံအဖြစ် Thailand Smiles With You လို့ဂျာဆီမှာ ရေးထိုးထားပါတယ်။ ဂျာဆီမိတ်ဆက်ပွဲကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာပဲ ကျင်းပခဲ့တာဖြစ်ကာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာလည်း တက်ရောက်ခဲ့ပါတယ်။  MRTV/ AFP