ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၉) ရပ်ကွက်တွင် ဆန် ဆီ များ လှူဒါန်း

 

ရန်ကုန် ဇွန် ၁၆

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ခိုင်ဖြိုးပါတီ တည်ထောင်ခြင်း (၁ဝ) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ကမာရွတ်မြို့နယ် အမှတ်(၉) ရပ်ကွက်အတွင်း နေအိမ်များသို့ ယနေ့သွားရောက်ပြီးဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သားနှုန်းဖြင့် ကူညီထောက်ပံ့ လှူဒါန်းခဲ့သည်။

ထိုသို့ထောက်ပံ့လှူဒါန်းရာသို့ ကမာရွတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ အတွင်းရေးမှူး ဒေါ်သီသီမွန်၊ စည်းရုံးရေးရာ တာဝန်ခံဦးဗိုလ်စော၊ အလုပ်သမား ရေးရာတာဝန်ခံဒေါ်ယဉ်မင်းအေး၊ လူငယ်ရေးရာတာဝန်ခံ ကိုသီဟဝင်းမြင့်၊ ပါတီကော်မတီဝင် ဦးခွန်ကျော်မြင့်လှိုင်၊ ရုံးအဖွဲ့မှ ဒေါ်အေးအေးသန်း၊ အမှတ် (၉) ရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်ခင်နွဲ့နှောင်းနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ လိုက်ပါပြီး တစ်အိမ်တက်ဆင်း သွားရောက် ကူညီထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဗိုလ်စော(ကမာရွတ်)