မိတ္ထီလာမြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံကုတင် (၅၀၀) တွင် ဆေးဝါးကုသမှုခံယူမည့် တောင်သာနှင့်မလှိုင်မြို့နယ်တို့မှ ဒေသခံပြည်သူများအား မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ရင်းရင်းနှီးနှီးတွေ့ဆုံ

 

ဇွန်​(၁၇)၊မိတ္ထီလာ သုတ

မိတ္ထီလာမြို့၊ အမှတ်​ (၁) တပ်​မ​တော်​စစ်​​ဆေးရုံကုတင်​ (၅၀၀) တွင်​ ​ဆေးဝါးကုသရန်​ ​ခေတ္တ​ရောက်​ရှိလာသည့်
တောင်​သာနှင့်​မလှိုင်​မြို့နယ်​တို့မှ ​ဒေသခံပြည်​သူများအား ယ​နေ့နံနက် ​၉ နာရီက ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှုဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှ ရင်းရင်းနှီးနှီး​တွေ့ဆုံ၍ အား​ပေးစကား​ပြော
ကြားခဲ့သည်​။

တွေ့ဆုံရာသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​နှင့်​အတူ တိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုး ပါတီအတွင်း​ရေးမှူး မိတ္ထီလာမြို့နယ်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်​စားလှယ်​ဦးအောင်​​ကျော်​မိုး၊ တိုင်း​ဒေသကြီးပါတီ​ ကော်​မတီဝင်​များဖြစ်​ကြ​သော ဦး​ကျော်​စန်း၊ ဦး​ရွှေနန်း၊ မိတ္ထီခရိုင်​ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ခရိုင်​ပါတီအတွင်း​ရေးမှူး​ ဒေါ်ဝင်းသီတာ၊ မလှိုင်​မြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ​တောင်​သာမြို့နယ်​ ပါတီ​ကော်​မတီဝင်​များ လိုက်​ပါခဲ့​ကြောင်း သိရသည်​။

မလှိုင်​နှင့်​​တောင်​သာမြို့နယ်​များမှ မျက်​စိ၊ နှလုံးနှင့်​​ကျောက်​ကပ်​​ ဝေဒနာခံစား​နေရသည့်​ ဒေသခံပြည်​သူ (၅၄၄) ဦးအား အမှတ်​ (၁) တပ်​မ​တော်​စစ်​​ဆေးရုံ ကုတင်​ (၅၀၀) တွင်​ အထူးကုဆရာဝန်​ကြီးများမှ ​​ယခုလ (၁၅) ရက်​မှ (၂၅) ရက်​အထိ ဆေးဝါးကုသမှုများကို ​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​​ကြောင်းနှင့်​ အလှူရှင်​ဦးသန့်​​ဆွေ မိသားစု မှလည်း လိုအပ်​သည်​များကို ​ထောက်​ပံ့ လှူဒါန်း​ပေးသွားမည်​ ဖြစ်​​ကြောင်း သိရသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး