ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ “ပါတီဝင်အသစ် တွေ့ဆုံပွဲ” အခမ်းအနားပြုလုပ်

 

ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ၂၄-၂-၂၀၂၀ရက်နေ့ တနလာင်္နေ့ နံနက် ၀၉း၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သော “ပါတီဝင်အသစ် တွေ့ဆုံပွဲ” အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌမှ ပါတီသစ္စာအဓိဋ္ဌာန် (၃) ချက် ရွတ်ဆိုဖွင့်လှစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါတီသို့ အသစ်ဝင်ရောက်လာသည့် သီရိမင်္ဂလာကျေးရွာမှ ပါတီဝင်အသစ် များက ဝင်ရောက်လာရသည့် အကြောင်းအရင်းများအား တင်ပြခဲ့ပြီး ပါတီဝင် အဆိုပြုလွှာများအား ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးဝင်းမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အလှူရှင်တစ်ဦးမှ ကျေးရွာလမ်းပြုပြင်ရန် အလှူငွေ ၁၀ သိန်းကျပ်အား လှူဒါန်းခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်မှ လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုနယ်အောင်နိုင်ရေး ဝါရင့်အကြံပေး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ဝင် ဦးမြင့်လှိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ “ပါတီဝင်အသစ် တွေ့ဆုံပွဲ” အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်၊ ပြည်ထောင်စုနယ်မြေ အောင်နိုင် ရေး ဝါရင့်အကြံပေး ဗဟိုကော်မတီဝင် ဦးမြင့်လှိုင်၊ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီသို့ ဝင်ရောက်လာသည့် သီရိမင်္ဂလာ ကျေးရွာ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါသည်။