လဝါကျေးရွာစုပေါင်းဝါဆိုသင်္ကန်းလှူဒါန်း ပြည်ခိုင်ဖြိုးပါတီမှပါဝင်လှူဒါန်းမှုပြု

 

မဘိမ်း ဇူလိုင် ၃ဝ

မဘိမ်းမြို့နယ် လဝါကျေးရွာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်း ရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးသန်းမြတ်စိုး၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းချစ်၊ လဝါကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရှိ သင်္ကန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ကျောင်းထိုင် ဆရာတော်ဦးပါကဋထံမှ ငါးပါး သီလခံယူကြပြီး ဝါဆိုသင်္ကန်း လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ဆရာတော်မှ အနုမောဒနာတရား ဟောကြားကာရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက ဘုရားရှင်ထံတွင်ဝါဆိုဝါကပ်တော် မူကြပြီး သင်္ကန်းအလှူရှင်များက ဝါဆိုသင်္ကန်း ၆၉စုံနှင့် ဝတ္ထု ငွေများ၊ ပြည်ခိုင်ဖြိုးပါတီမှ ဝါဆို သင်္ကန်း ၁ဝစုံနှင့် ဝတ္ထုငွေကျပ် ၅ဝဝဝဝကိုကျောင်းထိုင်ဆရာတော် ဦးပါကဋထံ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)