အိန္ဒိယ ကြက်တောင်မယ် ဆင်ဒူ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူး

ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ကြက်တောင် ပြိုင်ပွဲ၌   အိန္ဒိယကြက်တောင် ကစားသမား ပီ၊ ဗီ၊ ဆင်ဒူက ချန်ပီယံဆု ဆွတ်ခူးသည်။ ဆင်ဒူ (၂၄) နှစ်သည် လွန်ခဲ့သော ၂ နှစ်က ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲတွင် ၎င်းရှုံးနိမ့်ခဲ့သော ဂျပန်နိုင်ငံမှ နိုဇိုမီအိုကူဟာရာကို ၂၁-၇၊ ၂၁-၇ ဖြင့် အပြတ်အသတ် ချေမှုန်းပြီး ထိုက်တန်စွာ ချန်ပီယံဆုရရှိခဲ့သည်။ ဆင်ဒူသည် အိန္ဒိယနိုင်ငံမှ ထွက်ပေါ်လာသော ပထမဆုံး ကမ္ဘာ့ကြက်တောင် ချန်ပီယံဖြစ် လာကာ အိန္ဒိယသည်ကြက်တောင် ချန်ပီယံ မွေးထုတ်သည့် ၁၁ နိုင်ငံ မြောက်ဖြစ်သည်။ AFP