ဒဂုံတောင်တွင် လူငယ်နှင့် အမျိုးသမီးလှုပ်ရှားမှု ပြုလုပ် တိုင်းပါတီနာယကမှ ခြင်ဆေးဖျန်းစက် တစ်လုံးတန်ဖိုး လှူဒါန်း

 

ဒဂုံတောင် သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ လူငယ်နှင့် အမျိုးသမီးများ လှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက (၂၆) ရပ်ကွက် ပုလဲရတနာလမ်းရှိ ပိဋကသုံးပုံနိကာယ် စာသင်တိုက်တွင် ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက် ခဲ့ကြကြောင်းနှင့် တိုင်းပါတီ နာယက ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) ဆေးတိုက်မိသားစုက ခြင်ဆေးဖျန်း စက်တစ်လုံးတန်ဖိုးကျပ် ၇၂ဝဝဝဝ အား မြို့နယ်ပါတီသို့လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌက လက်ခံခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းတိုက်အတွင်းနှင့် ကျောင်းတိုက်မျက်နှာစာတို့ရှိ မြက်ရိုင်းပင်များအား မြက်ရိတ် စက်များ ဖြင့်ရှင်းလင်းခြင်း၊ အတွင်းအပြင် တံမြက်လှည်းသန့်စင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းတိုက်ရှိ ကုဋီများအား သန့်ရှင်းရေးလုပ် ငန်းများဆောင်ရွက်ခြင်း၊ သံဃာတော် အရှင်သူမြတ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် ရာသီတုပ်ကွေးများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုလုပ်ငန်းအဖြစ် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ လှုပ်ရှားမှု လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်းတို့က ဦးဆောင် ၍ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းလွင်နှင့်မြို့ နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်လူငယ် တာဝန်ခံနှင့် မြို့နယ်အမျိုးသမီး ရေးရာ တာဝန်ခံများ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များက စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ ဇော်မင်းထွန်း(တောင်ဒဂုံ)