UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်သုံးဦးစာရင်းတွင် စီရိုနယ်ဒို၊ ဗန်ဒစ်နှင့် မက်ဆီတို့ မဲပေး ရွေးချယ်ခံရ

UEFA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းကို ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်ဒို၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် လီဗာပူးခံစစ်မှူး ဗန်ဒစ်တို့ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါသုံးဦးထဲမှ တစ်နှစ်တာအကောင်းဆုံးဆု ရရှိမည့်သူကို ချန်ပီယံလိဂ်အုပ်စု မဲခွဲပွဲကျင်းပမည့် ဩဂုတ် ၂၉ ရက်တွင် မဲခွဲပွဲနှင့်အတူပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ ဆန်ခါတင်သုံးဦးစာရင်းကို ခုံဒိုင်တစ်ဦးက ယမန်နှစ်က ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်အုပ်စုအဆင့်တွင် ပါဝင်ကစားခဲ့သော ကလပ်အသင်း ၈၀ မှ နည်းပြများနှင့် UEFA လက်အောက်ခံ နိုင်ငံတစ်နိုင်ငံစီမှ ရွေးချယ်ထားသော ဂျာနယ်လစ်တစ်ဦးစီပါ ၅၅ ဦးအဖွဲ့ဝင်များက မဲပေးရွေးချယ်ခြင်းဖြစ်သည်။ ထိုသို့ ရွေးချယ်ရာတွင် ပထမနေရာအတွက် ရွေးချယ်ခံရသူသည် ငါးမှတ်၊ ဒုတိယနေရာမှ ရွေးချယ်ခံရသူသည် သုံးမှတ်၊ တတိယနေရာမှ ရွေးချယ်ခံရသူသည် တစ်မှတ်ရသည့်စနစ်ဖြင့် သုံးဦးစာရင်းကို ရွေးချယ်ခဲ့သည်။ UEFA