တိုက်စစ်ပစ်မှတ်ကို ဈေးမဆစ်ဘဲ ခေါ်ယူပေးဖို့ အသင်းကို ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဒီဘာလာအတွက် ဂျူဗင်တပ် အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏအတိုင်း ပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Metro ရဲ့ သတင်းအရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုနွေရာသီမှာ နောက်တန်း ကို အဓိကအင်အား ဖြည့်တင်း လိုနေတာဖြစ်ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းက ဝမ်ဘစ်စ်ကာကို ခေါ်ယူခဲ့ပြီး ဖြစ်သလို လက်စတာစီးတီး ကြယ်ပွင့် မက်ဂွိုင်းယားကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြဆိုးလ်ရှားဟာ တိုက်စစ်ကိုလည်း အင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဂျူဗင်တပ် ကြယ်ပွင့် ဒီဘာလာကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဒီဘာလာ အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ ကနေ ၉၀ အတွင်း ရရှိမယ်ဆိုရင် ရောင်းချဖို့အဆင်သင့် ရှိကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့က သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ Tuttosport ရဲ့ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဘာလာရဲ့ အပြောင်းအရွှေ့ကိစ္စကို အကောင်းမြင်စိတ်ရှိနေပြီး သဘောတူညီမှုရရှိဖို့အတွက် ဂျူဗင်တပ်တောင်းဆိုတဲ့ ပမာဏအတိုင်း ပေးချေပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တဲ့အတွက် မက်လုံးအနေနဲ့ ဒီဘာလာကို မက်မော လောက်ဖွယ် လစာ၊ အသင်းရဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားခွင့်တို့နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ Duwunsports