ကမ္ဘာ့အကြီးဆုံး နီလာကျောက်ကို သီရိလင်္ကာနိုင်ငံက အရောင်းပြခန်းတစ်ခုမှာ ပြသ

အမျိုးမျိုးသော နီလာကျောက်မျက်တွေထဲကမှ blue star sapphire အမည်ရှိတဲ့အပြာရောင် ကျောက်အမျိုးအစား တစ်ခုကို သီရိလင်္ကာနိုင်ငံက အရောင်းပြခန်းတစ်ခုမှာပြသခဲ့ပါတယ်။ ဒီအပြာရောင်နီလာကျောက်ဟာ ကမ္ဘာ့အကြီးဆုံး ကျောက်မျက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ အမေရိကန်ဒေါ်လာ(၂.၅)သန်းကျော် တန်ဖိုးရှိတဲ့ ဒီအပြာရောင်နီလာကျောက်ကို ရွှေသရဖူရဲ့ထိပ်မှာတင်ထားပြီး ပြသထားတယ်လို့ သိရပါတယ်။

ဒီအပြာရောင်ကျောက်ကို Tiesh ရတနာကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပါတယ်။ Tiesh ကုမ္ပဏီကပိုင်ဆိုင်တဲ့ ဒီအပြာရောင်နီလာကျောက် အပါအ၀င် သူတို့ရဲ့အခြားရတနာတွေကို Kandy မြို့မှာရှိတဲ့အရောင်းပြခန်းမှာ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။ ပြသထားတဲ့ကျောက်ရဲ့အလေးချိန်ဟာ (၃၃၂)ကာရက် ရှိပြီး မူရင်းကျောက်ရဲ့ အလေးချိန်ကတော့ ကာရက် (၂)သိန်းကျော်တယ်လို့ Tiesh ကုမ္ပဏီကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  AFP