ထန်းတပင် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီ ဆိုင်းဘုတ်တင်

 

ရန်ကုန် ဇူလိုင် ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးလှဝင်း၊ ဦးနိုင်ဝင်း၊ ဒေါ်အေးအေးမိုး၊ သတင်းမီဒီယာ ဦးဇော်သိန်းတို့သည် အစုကြီးကျေးရွာအုပ်စု သီတာအေး ကျေးရွာပါတီဥက္ကဋ္ဌ ဦးလှမင်း အိမ်ရှေ့တွင် ဆိုင်းဘုတ်အသစ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီကိုယ်စား မြို့နယ်ကော်မတီဝင် ဦးလှဝင်းက ဆိုင်းဘုတ်ကို အောင်သပြေခက်ဖြင့် နံ့သာရည်ပက်ဖျန်းပေးခဲ့ပြီး ယင်းဆိုင်းဘုတ်သစ်တင်ပွဲသို့ ကျေးရွာပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြာင်း သိရသည်။

ဇော်သိန်း(ထန်းတပင်)