ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင်များ လစဉ်ပုံမှန်အစည်းဝေးနှင့် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ဇူလိုင် ၂

ယမန်နေ့ (၂.၇.၂၀၁၉) ရက်နေ့တွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်ပါတီ ကော်မတီဝင် လစဉ်ပုံမှန်အစည်းဝေးကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူ တက်ရောက် ခဲ့သည်။ လစဉ်ပုံမှန်အစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် စတင်ပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အဖွင့်အမှာစကား ပြောကြားပြီနောက် ငါန်းဇွန်မြို့နယ် ပါတီဥက္ကဌ ဦးကိုကိုမှ လက်ရှိပါတီအတွင်း အခြေနေများ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၁ နာရီအချိန်တွင် အစည်းဝေးကို အောင်မြင်စွာ ကျင်းပခဲ့သည်။

အစည်းဝေးကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီ မြင်းခြံခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူ၊ မြင်ခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ညနေ ၃ နာရီအချိန်တွင် ငါန်းဇွန်မြို့နယ် စီကောင်းကျေးရွာ ရေနွေးကြမ်းစကားဝိုင်း ဆက်လက်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းပြည်ခိုင်ဖြိုး ပါတီကော်မတီ မြင်းခြံခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူ၊ ငါန်းဇွန်မြို့နယ် အစည်းနယ်မြေ (၂) တာဝန်ခံ ဦးသန်းဝင်းတို့ စီကောင်းကျေးရွာမှ ရပ်မိရပ်ဖ ပါတီမိတ်ဆွေများနှင့် လက်ရှိနိုင်ငံရေး အခြေနေများ၊ စီးပွားရေး အခြေနေများကို ပြောဆိုဆွေးနွေးခဲ့ပြီ ညနေ ၄:၁၅ နာရီတွင် ရေနွေးကြမ်းစကားဝိုင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါသည်။  ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး