သက်ထားသူဇာ ကမ္ဘာ့အဆင့် ၁၃ ဆင့် မြင့်တက်

ဘီနင်နိုင်ငံတကာ စီးရီး  ကြက်တောင်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ သည့် မြန်မာ့လက်ရွေးစင်ကြက် တောင်အားကစားမယ် သက်ထား သူဇာသည် ကမ္ဘာ့အဆင့်သတ် မှတ်ချက် ၁၃ ဆင့် မြင့်တက်လာ ပြီး လက်ရှိ ကမ္ဘာ့အဆင့် (၁၀၁) ၌ ရပ်တည်နေသည်။ သက်ထားသူဇာသည် ဇွန်လနောက်ဆုံးပတ်က ကျင်းပသည့် ဘီနင်နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် အိမ်ရှင် ဘီနင်၊ နိုင်ဂျီးရီးယား၊ အီဂျစ်နှင့်  ပီရူးနိုင်ငံတို့မှ ကစားသမားတို့ကို ကျော်ဖြတ်၍ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် မူလက ကမ္ဘာ့အ ဆင့် (၁၁၄) သာရှိသည့် သက်ထားသူဇာသည် ယခုတစ်ပတ်တွင် ၁၃ ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၀၁) သို့ ရောက်ရှိခြင်းဖြစ်သည်။ 

 သက်ထားသူဇာသည် ၂၀၁၈ မှ ၂၀၁၉ ဇွန်လအထိနိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ကိုးပွဲယှဉ်ပြိုင်ရာ ၄၃ ပွဲနိုင်၊ ၁၅ ပွဲ ရှုံး နိမ့်ပြီး စုစုပေါင်း ၁၇,၂၁၀ မှတ်ရရှိကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ၀က်ဘ်ဆိုက်၌ ဖော်ပြထားသည်။ အသက် (၂၀) အရွယ်သက်ထားသူဇာသည်လက်ရှိတွင် အီဂျစ်၊ ယူဂန်ဒါ၊ မောရစ်သျှ၊ ကင်ညာနှင့် ဘီနင်နိုင်ငံတကာကြက် တောင်ပြိုင်ပွဲများ၌ ရွှေတံဆိပ် ငါးခုဆွတ်ခူးထားသည်။ ထို့အပြင် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည့် အိုင်ဗရီ ကို့စ်နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

သက်ထားသူဇာသည် ယခုနှစ်တွင် ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ် ကြက်တောင်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ၀င်ပြိုင်ခွင့်ရရှိရန် ကမ္ဘာ့အဆင့် ၁၀၀ အတွင်း ၀င်ရောက်ရမည်ဖြစ်ပြီး အဆင့်သတ် မှတ်ချက်မြင့်တက်ရန် နိုင်ငံတကာ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေသည်။ 7days