ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပါတီတာဝန်ရှိသူ အဆင့်ဆင့်အား တွေ့ဆုံ

 

လားရှိုး၊ ​​ဇွန်၂၄

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည် လာရှိုးမြို့ရှိ ပြည်​နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး အစည်းအ​ဝေး ခန်းမ​တွင်​ ယ​မန်နေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်​နယ်​​မြောက်​ပိုင်းရှိ ပြည်​ခိုင်​ဖြိုးပါတီ ပြည်​နယ်​/ခရိုင်​/မြို့နယ်​အဆင့်​ ပါတီတာဝန်​ရှိသူများအား တွေ့ဆုံခဲ့သည်​။

အခမ်းအနားကို နိုင်​ငံ​တော်​အ​လံအား အ​လေးပြု၍ နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​ လားရှိုး၊ သိန္ဓီ၊ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ မန်တုန်၊ နမ့်ဆိန်၊ မိုးမိတ်၊ မဘိမ်းများမှ မြို့နယ်ကော်မတီဝင်များ၊ ရှမ်းပြည်​နယ်​မြောက်ပိုင်း ပြည်နယ်ကော်မတီဝင်များ၊ လားရှိုး၊ မူဆယ်၊ မိုးမိတ်၊ ကျောက်မဲခရိုင်​ ကော်မတီဝင်မျာ ပါတီ​ကော်​မတီဝင်​အသီးသီးမှ တစ်​ဦးချင်း မိတ်​ဆက်​စကား​ပြောကြား သည်​။

ဆက်​လက်​၍ အခမ်းအနားသို့ တက်​​ရောက်​လာ​သော တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများမှ ဒေသအလိုက်​ပါတီလုပ်​ငန်း​ ဆောင်​ရွက်​ထားရှိမှု အ​ခြေ​အ​နေများကို ရှင်းလင်းတင်​ပြခဲ့ကာ တင်​ပြကြသည်​။ ထို့​နောက်​ ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ အမှာစကား​ပြောကြားပြီး အခမ်းအနားသို့တက်​​ရောက်​လာသူများက သိရှိလိုသည်​များ​ မေးမြန်းမှုအ​ပေါ် ပါတီဥက္ကဋ္ဌမှ ပြန်​လည်​​ ဖြေကြားသည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေ အတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်များ ဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​၊ ပါတီဗဟို အတိုင်​ပင်​ခံ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း နယ်​​မြေတာဝန်​ခံ ဦးအောင်​သန်းထွဋ်​၊ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်​နယ်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ရှမ်းပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်​သူ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ပါတီအတွင်း​ရေးမှူး​ ဒေါက်တာလဆိုင်း၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​နယ်​ပါတီ​ ကော်​မတီဝင်​များ၊ ခရိုင်​နှင့်​မြို့နယ်​ ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများနှင့် ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့သည်​။