ကျေးဇူးရှင်ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရန်အတွက် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ကျပ်သိန်း ၁ဝဝ လှူဒါန်း

 

ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဇယမေဒနီ ဝါဆိုကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ရုပ်ကလာပ် တော်ထားရှိရာ ယာယီစံကျောင်းဖြစ်သည့် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် အောင်မြေသာစည်အလယ်တိုက်ကြီးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၁၅) ရက် ညနေ ၄ နာရီခွဲက သွားရောက်ဖူးမြော်၍ ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရန်အတွက် ပြည်ခိုင်ဖြိုး ပါတီမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁ဝဝ အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက အန္တိမဈာပန ကျင်းပရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

 

အလှူငွေပေးအပ်လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမောင် (မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေး ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ လိုက်ပါ ခဲ့ကြောင်း သိရသည်။

သုတ