သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်ဆရာတော်အား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ သွားရောက် ဖူးမျှော်

 

လားရှိုး၊ ဇွန် ၂၅

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း၊ လားရှိုးမြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ အဖွဲ့သည်​ ယ​မန်​နေ့ မွန်းလွဲ ၄ နာရီက သီရိမင်္ဂလာမန်​ဆူရှမ်း ကျောင်းတိုက်​ဆရာ​တော်​ဘဒ္ဒန္တပုညနန္ဒအား ဖူး​မျှော်​ကန်​​တော့၍ အလှူ​ငွေနှင့်​ လှူဖွယ်​ပစ္စည်းများ ​ပေးအပ်​လှူဒါန်း ခဲ့သည်​။ ပေးအပ်​လှူဒါန်း ရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်များ ဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ ရှမ်းပြည်​နယ်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပါတီဗဟိုအတိုင်​ပင်​ခံ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း နယ်​​မြေတာဝန်​ခံ ဦးအောင်​သန်းထွဋ်​၊ ရှမ်းပြည် နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်​သူ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ပါတီအတွင်း​ရေးမှူး​ ဒေါက်​တာလဆိုင်း၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​များနှင့်​ ပါတီတာဝန်​ရှိသူများ လိုက်​ပါခဲ့​ကြောင်း သိရသည်​။