ရာဖေးလ်နာဒယ် ပြင်သစ်အိုးပင်း ဖလား (၁၂) ကြိမ်မြောက် ဆွတ်ခူး

ပြင်သစ်အိုးပင်းဗိုလ်လုပွဲ တွင် စပိန်မှရာဖေးလ်နာဒယ်က ဒေါမနစ်သိမ်ကို  ၆-၃၊ ၅-၇၊ ၆-၁၊ ၆-၁ ဖြင့် အနိုင်ရပြီး  (၁၈) ကြိမ်မြောက်ဂရင်း ဆလမ်ဆု ဖလားနှင့် (၁၂) ကြိမ်မြောက် ပြင်သစ်အိုးပင်းဆုဖလား ရရှိခဲ့သည်။

ကမ္ဘာ့အဆင့် (၁) နာဒယ် သည် တင်ပါးဆုံ၊ ဒူး၊ အစာအိမ် နှင့် ခြေချင်းဝတ်ဒဏ်ရာပြဿနာများကြောင့် လွန်ခဲ့သော ၂ နှစ်အတွင်း ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရ ပြီး ပြီးခဲ့သည့်နှစ်က ပြိုင်ပွဲ ၁၀ ခုမှ နုတ်ထွက်ခဲ့ရသည်။

‘‘နောက်ဆုံး ၂ နှစ်က သူ့အတွက် အခက်ခဲဆုံးကာလတွေဆိုတာသေချာပါတယ်။ ဒီလိုဆိုးရွားတဲ့ အခိုက်အတန့် တွေထဲ သူ့မှာ မယုံကြည်နိုင်စရာကောင်းတဲ့စိတ် ဓာတ်ရှိခဲ့ပါတယ်။ ဒီစိတ်ဓာတ်ကြောင့်ပဲ ဒီနေ့ဗိုလ်စွဲတာပါ’’ ဟု နာဒယ်၏ နည်းပြကားလို့စ်မိုရာ က ပြောသည်။ ယခုအခါ နာဒယ်သည် ဂရင်းဆလမ်ဆုဖလားရရှိမှုတွင် ဆွစ်ဇာလန်မှ ရော်ဂျာဖက်ဒဲရာကို လိုက်မီရန် နှစ်ကြိမ်သာ လိုတော့ပြီး ဆားဘီးယားကြယ်ပွင့် ဂျိုကို ဗစ်ထက် သုံးလုံးအသာရခဲ့သည်။ သို့သော် ဖက်ဒဲရာကို လိုက်မီရေး ၎င်း၏ စိတ်ထဲမရှိဟု နာဒယ် က ပြောသည်။ ‘‘ဖက်ဒဲရာကို လိုက်မီမှာလား၊ မမီဘူးလားဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် သိပ်မစိုးရိမ်ပါဘူး’’ ဟု ၎င်းက ပြောသည်။ ‘‘တကယ်လို့ တင်းနစ် က စားသမားဘဝ အဆုံးသတ်မှာ  နောက်ထပ်ဂရင်းဆလမ်ဖလား နှစ်လုံးရရင် ဖက်ဒဲရာကို လိုက်မီမှာပေါ့။ အဲဒီလိုဆိုရင် မယုံကြည်နိုင်စရာဖြစ်မှာပါ။ တင်းနစ်ကစားတာကို ကျွန်တော် အကောင်း ဆုံး ကြိုးစားသွားမှာဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့’’ ဟု နာဒယ်က ပြောကြားသည်။ —Ref: BBC