ငါးမဖမ်းရကာလ သက်တမ်း တိုးလိုက်မှုကို ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ် တံငါသည် ထောင်ပေါင်း များစွာက အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့  ဆန္ဒပြ

ဘင်္ဂလားပင်လယ်အော်မှာ ငါးမဖမ်းရကာလ နောက်ထပ် ၂ လ တိုးသတ်မှတ်လိုက်တဲ့အပေါ် ကန့် ကွက်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် တံငါသည် ထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့က ယာဉ်အသွားအလာ အများဆုံး အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

ငါး သယံဇာတ တိုးပွားလာစေရေး ရည်ရွယ်တဲ့ ၆၅ ရက်ကြာ ပိတ်ပင်ချက်ဟာ ၄င်းတို့တွေကို အလုပ်လက်မဲ့ ဖြစ်စေကြောင်း တံငါသည်တွေက ပြောဆိုခဲ့ပါတယ်။ စစ်တာကွန်ဒါမြို့မှာ ၄င်းတို့ ရဲ့ တစ်နာရီကြာ ဆန္ဒပြမှုဟာ မြို့တော် ဒါကာနဲ့ ဒုတိယ အကြီးဆုံးမြို့  စစ်တကောင်းကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးပေါ်မှာ ကီလိုမီတာ များစွာ ရှည်လျားတဲ့ ကာတန်းရှည်ကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ တံငါသည် ၃၀၀၀ နဲ့  ၄င်းတို့ ရဲ့ မိသားစု ၀င်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကန့် ကွက်ခဲ့ကြတာဖြစ်ပေမယ့် ယာဉ် အသွားအလာများတဲ့ အဝေးပြေးလမ်းမ ပေါ်မှာ ယာဉ်ကြောပိတ်ဆို့ မှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသဆိုင်ရာ ရဲချုပ်က ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင် တစ်ဦးနဲ့ လွှတ်တော်အမတ်တစ်ဦးတို့ က ၄င်းတို့ အခက်အခဲကို ကူညီဖြေရှင်းပေးမယ်လို့  ကတိပြုချက်ရရှိမှသာ ၄င်းတို့ ရဲ့ ပိတ်ဆို့ ဆန္ဒပြမှုကို ဖယ်ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက မေ ၂၀ ရက်ကနေ ဇူလိုင် ၂၃ ရက်နေ့ အထိ ငါးမဖမ်းရကာလအဖြစ် ပိတ်ပင်ခဲ့တာဖြစ်ပြီး ပိတ်ပင်ချက် ဖောက်ဖျက်မှုတွေကို တားဆီးဖို့ အတွက် ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့  ကမ်းခြေစောင့်တပ်တွေက တားမြစ်ဇုန်မှာ ကင်းလှည့်မှုတွေ လုပ်နေကြောင်း သိရပါတယ်။  Akonthi