ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Mr.Stephan Sakalian နှင့်တွေ့ဆုံ

 

ဇွန် ၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Mr.Stephan Sakalian အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ရာ တွင် အမှန်တစ်ကယ် လိုအပ်သူများအတွက် အကျိုးဖြစ်ထွန်းစေရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်၊ ဦးခင်ရီနှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့ တက်ရောက် ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ Mr.Stephan Sakalian နှင့် အဖွဲ့ဝင် (၁) ဦးတို့ တက်ရောက် ခဲ့ပါသည်။