ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်ဖြစ်ရပ်များတွင် ပြည်ပဖိအားများ စွက်ဖက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရွေးကောက်ပွဲ အငြင်းပွားမှုများအပေါ် ကော်မရှင်၏ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီး ပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဦးစိုးနိုင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သည့် ကိုယ်စားလှယ်နှစ်ဦး တက်ရောက် ခဲ့ကြသည်။