ကလေးဝမြို့နယ် နောင်ဖနန်ကျေးရွာအုပ်စုတွင် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ကလေးဝ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် နောင်ဖနန်ကျေးရွာအုပ်စု ဦးမွှေးအောင် နေအိမ်တွင် ယနေ့ နေ့လည် ၁၁နာရီ အချိန်တွင် ရေနွေးကြမ်းစကားဝိုင်းပြု ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ကလေးဝမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဠ ဦးတင်ထွန်းလွင်၊မြို့နယ်အတွင်းရေမှူး ဦးထွန်းထွန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ နောင်ဖနန်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြပါသည်။ မြို့နယ်ပါတီဥက္ကဠ မှ ပါတီ၏ မူဝါဒများ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ကို အပြန်အလှန်ဆွေးနွေးကြပြီး နေ့လည် ၁၂နာရီတွင် ပြီးစီးကြောင်းသိရသည်။

သော်ဇင်မင်း (ကလေးဝ)