ပုဂံဒေသဘုရားအမှတ် ၁၆ဝ၆ သို့ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ ခရီးသွားလာရောက်လေ့လာစဉ် သန့်ရှင်းရေးကုသိုလ်ပြုလုပ်

 

ညောင်ဦး မတ် ၂၇

ပုဂံဒေသသို့ ဘုရားဘူးလာ ရောက်လေ့လာစဉ် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပြော ရေးဆိုခွင့်ရှိသူဦးဌေးဝင်း ဦးဆောင် သော တက္ကသိုလ်ဝင်တန်းကျောင်း သားကျောင်းသူများ လိုက်ပါလာ သောအဖွဲ့သည် ယမန်နေ့ နံနက် ၈နာရီ ကပုဂံမြို့ဟောင်းအတွင်းရှိဘုရား အမှတ် (၁၆ဝ၆) ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဋ္ဌဦးသန်းဌေး ပြန်လည် ပြုပြင်ကုသိုလ်ယူခဲ့သော ဘုရား ဝင်းအတွင်းရှိ မြက်ပင်ချုံနွယ် အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ခြင်းဖြင့် လုပ်အားဒါနပြုခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ဦးဌေးဝင်း ဦးဆောင်သော တက္ကသိုလ်ဝင် ကျောင်းသားများနှင့်အဖွဲ့သည် စေတီတော်အား အမွှေးနံ့သာတိုင်၊ အလင်းတိုင်များဖြင့် ပူဇော်၍ ကုသိုလ်ယူခဲ့ကြပြီး အဖွဲ့လိုက် အမှတ်တရမှတ်တမ်းတင် ဓာတ် ပုံများ ရိုက်ကူးခဲ့ကြောင်း သိရ သည်။

ကျော်ဌေး(ညောင်ဦး)