တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့ ပြည်သူများအား အခမဲ့ဆေးကုသပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်များ ကူညီဆောင်ရွက်

 

သာစည် မတ် ၂၇

သာစည်မြို့နယ် နွားထိုးကျေး ရွာတွင် ယမန်နေ့ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ တပ်မတော် အမှတ်(၁) ခုတင်(၅ဝဝ)စစ်ဆေးရုံ နယ်လှည့်ကုသရေးအဖွဲ့က ဒေသခံ ပြည်သူများအား အခမဲ့ဆေးကုသ ပေးခဲ့ကြောင်း သိရသည်။

အခမဲ့ဆေးကုသရာသို့ ပြည်ခိုင် ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသန်းစိုးနှင့် တိုင်း(၂) လွှတ်တော်ကိုယ်စားလှယ်ဦးစံထွန်း နှင့်အဖွဲ့သွားရောက်ကူညီဆောင်ရွက် ပေးခဲ့ကြောင်း၊ရဟန်းရှင်လူပြည်သူ ၈ဝဝ ကျော်အား အခမဲ့ဆေးကုသ ပေးနိုင်ခဲ့ကြောင်း သိရသည်။

Lion Htwe