မိုးသက်လေပြင်းကြောင့် နေအိမ်များ ပျက်စီးသွားသည့် ဇီးဖြူကုန်းကျေးရွာသို့ ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွားရောက် လုပ်အားပေး

 

ကနီ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်း၌ လေပြင်းမုန်တိုင်းတိုက်ခတ်၍ လူနေအိမ်များ အမိုး၊ အကာများ ပျက်စီးခဲ့သော ဇီးဖြူကုန်းကျေးရွာသို့ ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက နေအိမ်အပျက် အစီးများကို သွားရောက် လုပ်အားပေး ခဲ့ကြသည်။

တပေါင်းကျေးရွာသို့ ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာဥက္ကဋ္ဌ ဦးထွန်းဝေနှင့် လူငယ်အဖွဲ့များ သွားရောက်ခဲ့ကြပြီး ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသော ပါတီဝင်များ၏ နေအိမ်များကို လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။