ရေကြည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်

ရေကြည် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်ရေကြည်မြို့နယ်ငါးသိုင်းချောင်း မြို့နယ်ခွဲလက်ပံပင် ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာဦးသန့်ဇင်ဦးပါတီ ဥက္ကဋ္ဌအိမ်နှင့် ဂွေးတောက်အုပ်စု မြောက်စမ်းကျေးရွာဦးတင့်အောင် ပါတီဥက္ကဋ္ဌအိမ်တွင် ယမန်နေ့ နံနက် ၉နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့်ရေနွေးကြမ်းစကား ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရေကြည် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည် သန်းက ပါတီမူဝါဒနှင့် လမ်းစဉ် များအကြောင်း စည်းရုံးရေးစကား ရပ်များနှင့် ရေကြည်မြို့နယ်တွင် ပါတီဝင်ပေးအပ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပမည်ဖြစ် ကြောင်း ရေနွေးကြမ်းစကားဝိုင်း တွင် ချပြဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဝန်းရံသူ ဦးစိုးသန်းကစကားဝိုင်းတွင်တစ်လ တစ်ကြိမ်အစည်းအဝေးတက်ရောက် ရန်၊ အစည်းအဝေးမှ ပြန်လျှင် ကျေးရွာအုပ်စုမှ တက်ရောက်လာ သည့် ပါတီကော်မတီဝင်များက အစည်းအဝေးတွင် မှာကြားသော စကားများ ဖြန့်ဝေကြရန် အင် အားကြီးပါတီဖြစ်သည့်အတွက် အကောင်းဆုံးစကားပြောဆိုနိုင်ရန် နှင့် ပြည်သူအားကိုးရသည့် ပါတီ ဖြစ်ပြီး အမြဲတမ်းရေရှည်တည်ရှိရန် ပြည်သူအဓိကလိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပါတီကော်မ တီဝင်များက အပြန်အလှန်ပြည်သူ အတွက် အကျိုးရှိစကားနှင့် မိမိ နိုင်ငံတော်ကာကွယ်ကြရန်၊ပါတီကို အားကိုးလာအောင်၊ ပြည်သူများ ယုံကြည်လာအောင်အကောင်းဆုံး ရွေးချယ်ပြီး လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ရေနွေးကြမ်း စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်။

ဆန်းတင့်(ရေကြည်)