ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သရက်ခုံကျေးရွာတွင်ပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဖေဖော်ဝါရီ ၂၆

ကောလင်းမြို့နယ် သရက်ခုံ အုပ်စုသရက်ခုံကျေးရွာပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးရင်မောင် နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲသို့ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပါတီဝင်များနှင့် သတင်းမီဒီယာ များ စုစုပေါင်းအင်အား ၄ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းနောက် တက်ရောက် လာကြသော ပါတီဝင်များအား ဦးအောင်သန်းဦးကဆွေးနွေးတင်ပြ ရာ ပါတီဝင်များနှင့် အပြန်အလှန် ရေနွေးကြမ်းစကားဝိုင်းဖွဲ့ ဆွေးနွေး ခဲ့ကြသည်။

ကျော်လွင်ဦး(ကောလင်း