အိန္ဒိယ ရွေးကောက်ပွဲ နီးလာချိန် အကြမ်းဖက်မှုတွေပေါ်ပေါက်

ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာနေတဲ့ အိန္ဒိယနိုင်ငံမှာ လွှတ်တော်အမတ်တဦး အသတ်ခံခဲ့ရပြီးတဲ့နောက်၊ မငြိမ်မသက် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖွယ်ရှိနေပါတယ်။

အနောက်ဘင်ဂေါ ပြည်နယ်မှာ စနေနေ့က အသက် ၃၈ နှစ်အရွယ် အတိုက်အခံ လွှတ်တော်အမတ်တဦး ဘာသာရေးအခမ်းအနားတရပ်ကို တက်ရောက်လာစဉ်အတွင်း သေနတ်သမားတစုက ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ ရဲ့ ဘာရာတိယ ဂျနတာ ပါတီရဲ့ လက်ချက်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။ ဂျနတာ ပါတီ ကတော့ ငြင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအတွင်း အနောက်ဘင်ဂေါ ပြည်နယ်မှာ နိုင်ငံရေးအရ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရာဇ၀တ်ဂိုဏ်းကွန်ရက်တွေနဲ့ နိုင်ငံရေးအုပ်စုတွေကြား အနီးကပ် ဆက်စပ် ပတ်သက်မှုတွေရှိနေတဲ့အတွက် ပြဿနာတွေ ပိုပြီးရှုတ်ထွေးနေရတယ်လို့ ရာဘင်ဒရာ ဘာရတီ တက္ကသိုလ် ဒုတိယ ကျောင်းအုပ်ကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အနောက်ဘင်ဂေါ ပြည်နယ်မှာ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု ပေါင်း ၁၄၂ မှုရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံတ၀ှမ်း နိုင်ငံရေးအရ လုပ်ကြံမှုပေါင်း တရာကျော် ရှိခဲ့တယ်လို့ အမျိုးသား ရာဇ၀တ်မှု ဗျူရို က ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ ဒီထက် ပိုများတယ်လို့ ပြောဆိုကြပါတယ်။  

 -Ref: RFA