ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပုသိမ်ခရိုင် မြို့နယ်ခုနစ်မြို့နယ်နှင့်တွေ့ဆုံပွဲပြုလုပ်

 

ပုသိမ် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီတွင် ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

အခမ်းအနားကို ပါတီဗဟိုအတွင်းရေး မှူးဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်း ထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးÓဏ်လင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွဲ့နွဲ့ဦး တို့တက်ရောက်ကြသည်။အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက အဖွင့်အမှာစကားပြော ကြားပြီး တက်ရောက်လာကြသည့် မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပြည် သူများနှင့်ထိတွေ့ပြီး ပါတီဝင်အင်အားရှိ ရန် တစ်ပတ်လျှင်သုံးရက်အနည်းဆုံးထား ပြီးကွင်းဆင်းကြရန်၊ ၂ဝ၁၅ ရွေးကောက် ပွဲအတိုင်းအတာများကိုရှင်းပြပြီး မြေပုံပိုင်မှ စစ်နိုင်မယ်။ တာဝန်ခံများအနေနဲ့ နယ်မြေ ပိုင်မှမဲနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်အခမ်းအနားသို့တက်ရောက် လာကြသည့် ကျုံပျော်မြို့နယ်၊ ကျောင်း ကုန်းမြို့နယ်၊ ရေကြည်မြို့နယ် သာပေါင်းမြို့ နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ကန်ကြီးဒေါင့်မြို့ နယ် ခုနစ်မြို့နယ်မှ မိမိတို့နယ်မြေအလိုက် အားသာချက်အားနည်းချက်များကို မြေပုံ နှင့်အတူ ထောက်ပြရှင်းလင်းတင်ပြခဲ့ကြ ပြီး အစည်းအဝေးအခမ်းအနားပြီးဆုံး ကြောင်းသိရသည်။

ဆန်းတင့်(ရေကြည်)