ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မြောင်းမြနှင့် လပွတ္တာခရိုင်များမှ ခရိုင် မြို့နယ်ဥက္ကဋ္ဌ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့်တွေ့ဆုံ

 

လပွတ္တာ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြောင်းမြခရိုင် ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ပါတီဗဟို အတွင်းရေးမှူးဦးသန်းထွန်း၊ဗဟိုအလုပ်အမှု ဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဥာဏ်လင်း၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးဝင်းကိုကို နှင့်တိုင်းကော်မတီဝင်များသည် မြောင်းမြ ခရိုင်နှင့် လပွတ္တာခရိုင်များမှ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ယမန်နေ့နံနက် ၉နာရီတွင် တွေ့ဆုံ ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ခရိုင်၊ မြို့နယ် ကော်မတီဝင်များမှ မိမိတို့ကဏ္ဍအလိုက် တာဝန်ယူထားသည့်နယ်မြေဒေသအခြေအနေ များကို တစ်ဦးချင်းစီမှ မြေပုံကားချပ်များ ဖြင့် ရှင်းလင်းတင်ပြခြင်း၊ နယ်မြေကွင်းဆင်း မှုအခြေအနေများကို ဆွေးနွေးတင်ပြခြင်း၊ ပါတီစည်းရုံးရေးနှင့် ပါတီဝင်အင်အား စိစစ် ဆောင်ရွက်ထားရှိမှုများ၊ ပါတီတွင်းစည်းလုံး ညီညွတ်ရေးအတွက်ဆောင်ရွက်ထားရှိမှုများ၊ ရည်မှန်းချက်ပန်းတိုင် အောင်မြင်အောင်လှုပ် ရှားဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ထား ရှိမှုများကို ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များက အသီးသီး တင်ပြခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးÓဏ်လင်းနှင့်တာဝန် ရှိသူများက ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက် လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းက တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင် များနှင့်တာဝန်ရှိသူများကို ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။