ဝက်လက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စင်းတဝဲ(ရ)ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင် ပါတီရုံးခွဲဖွင့်

 

ဝက်လက် ဇန်နဝါရီ ၁၅

ပြည်ခိုင်ဖြိုးပါတီ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စင်းတဝဲ (ရ) ကျေးရွာပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရပ်ကျေးပါတီရုံးခွဲ ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားကို ဝက်လက်မြို့နယ် ပါတီ ဥက္ကဋ္ဌဦးစိုးခိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးသောင်းမင်းထိုက်၊ ဦးညီညီအောင်၊ ဒေါ်ခင် အေး၊ ဒေါ်တင်မာနိုင်တို့ တက်ရောက်ခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးခိုင်က မဲရုံဆီသို့ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက ၄င်းတို့၏လက်ရှိ အခက်အခဲများကိုတင်ပြကြကာ အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့သည်။

စစ်ကဲကြီး(ဝက်လက်)