ပိုလန်နိုင်ငံတွင် ဖမ်းဆီးခံရသော ဝန်ထမ်းကို ဟွာဝေးကုမ္ပဏီ ထုတ်ပယ်

သူလျှိုလုပ်ခြင်း မသင်္ကာမှုဖြင့် ပိုလန်နိုင်ငံတွင် ဖမ်းဆီးခံရသော ဝန်ထမ်းတစ်ဦးကို တရုတ် ဖုန်းလုပ်ငန်းကုမ္ပဏီ ဟွာဝေးက အလုပ်မှ ထုတ်ပယ်ခဲ့သည်။

 ဝမ်ဝေဂျင်းသည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုမူခဲ့ပြီး ကုမ္ပဏီကို နာမည်ပျက်စေခဲ့သည်ဟု ဟွာဝေး ကုမ္ပဏီက ထုတ်ပြန်ပြောကြားသည်။

 ပိုလန်ထောက်လှမ်းရေးဌာန ဝန်ထမ်းဟောင်းတစ်ဦးကိုလည်း သူလျှိုလုပ်ခြင်းစွဲချက်များဖြင့် ဖမ်းဆီးခံထား ရသည်။

တရုတ်လုံခြုံရေးဌာနများက သူလျှိုလုပ်ရန် ဟွာဝေး၏ နည်းပညာကို အသုံးပြုနိုင်သည်ဟု အမေရိကန်နှင့် အခြားနိုင်ငံများက စိုးရိမ်မှုများ ထုတ်ပြောခဲ့ပြီးနောက် ဟွာဝေးကုမ္ပဏီသည် ပိုမို လေ့လာဆန်းစစ်ခံနေရသည်။

တရုတ်နှင့် ဟွာဝေးကုမ္ပဏီ ကမူ ယင်းကို ငြင်းဆိုထားသည်။

ဟွာဝေး၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝန်ကျိုးသည် ပြီးခဲ့သည့် လက ကနေဒါနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး အီရန် ပိတ်ဆို့တားဆီးမှု ချိုးဖောက်ခြင်း စွဲချက်များဖြင့် အမေရိကန်သို့ ပို့ဆောင်ခံရမည့် အရေး ရင်ဆိုင်နေရသည်။

ကာလရှည် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရုတ်နိုင်ငံသား ဟွာဝေးဝန်ထမ်းနှင့် ပိုလန်နိုင်ငံသားကို ဖမ်းဆီးခဲ့သည်ဟု ပိုလန် လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသတင်းဌာန အား ပြောသည်။

 ဝမ်ဝေဂျင်း လုပ်ဆောင်ခဲ့သည်ဆိုသော ကိစ္စများသည် မိမိတို့ကုမ္ပဏီနှင့် ဆက်စပ်မှုမရှိဟု ဟွာဝေးက ထုတ်ပြန်ချက် တွင် ဖော်ပြသည်။     

  

—Ref: BBC