ရွှေ့ပြောင်းအခြေချသူများကို တားမြစ်ရန် မက္ကဆီကိုဘက်သို့ အမေရိကန်မှ မျက်ရည်ယိုအငွေ့များဖြင့် ပစ်ခတ်တိုက်ခိုက်

အမေရိကန် နယ်ခြားစောင့်တပ်တွေဟာ ဇန်နဝါရီ ၁ ရက်နေ့က မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်က တီဟွာနာမြို့ နယ်စပ်ဂိတ်မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟန့်တားဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။

အဲဒါကြောင့်လည်း နယ်စပ်စည်းရိုးနားမှာ ဓာတ်ငွေ့တိမ်တွေ သိပ်သည်းနေတာပါ။

ရွှေ့ပြောင်းနေထိုင်သူတဦးက ဓာတ်ငွေ့ဘူးကို ကောက်ပြီး အမေရိကန်ပိုင်နက်ထဲကို နယ်စပ်ဖြတ် ပြန်ပစ်ထုတ်နေတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်တွေ ထိန်းသိမ်းထားချိန်မှာ ရွှေ့ပြောင်းနေထိုင်သူ ကလေး ၂ ဦး လတ်တလောမှာ သေဆုံးခဲ့လို့ အမေရိကန်ရဲ့ လူဝင်မှု မူဝါဒနဲ့ ပတ်သက်ပြီး စကားရည်လုပွဲတွေလည်း ပိုပြင်းထန် လာပါတယ်။

မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် နံရံဆောက်ရေး ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလျံပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်ဆီမှာ တောင်းဆိုထားပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို ဟန့်တားဖို့ နယ်စပ်တံတိုင်းတွေ လိုအပ်တယ်လို့ ထရမ့်က ရှုမြင်ထားပေမယ့် အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီတောင်းဆိုချက်ဟာ လက်တွေ့မကျဘဲ ကုန်ကျစရိတ်ကြီးတယ်လို့ ရှုမြင်ကြပါတယ်။

DVB