ပြင်သစ်နိုင်ငံတွင် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ဆိုင်းငံ့မည်

ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်အနေဖြင့် လာမည့်လတွင် စတင်မည့် လောင်စာဆီအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်အား ဆိုင်းငံ့ထားမည်ဟုထုတ်ပြန်ကြေညာရန် မျှော်လင့် ရကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြသည်။

လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ပြင်သစ်နိုင်ငံတစ်ဝန်းလုံးတွင် ဆန့်ကျင်ဆန္ဒပြ မှုများ မကြာသေးမီက ဖြစ်ပေါ်လာပြီးနောက် ယင်းအစီအစဉ်အား ဆိုင်းငံ့ထားရန် လုပ်ဆောင်မှုများ ပြုလုပ် လာခြင်းဖြစ်သည်။

ပြင်သစ်အစိုးရက လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်ကို ဆိုင်းငံ့ထားမည်ဟု ဒီဇင်ဘာာ ၄ ရက် နံနက်ပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း ပြင်သစ်သတင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ပြင်သစ်ဝန်ကြီး ချုပ်သည် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုအစီအစဉ်အား ဆိုင်းငံ့သည့် တရားဝင်ကြေညာချက် ထုတ်ပြန်ခြင်းမပြုမီတွင် အာဏာရပါတီမှ ဥပဒေပြုလွှတ်တော်အမတ်များနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ၄င်းသည် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး လတ်တလော အခြေအနေအား အဖြေရှာရေး နည်းလမ်းများကို စူးစမ်း ရှာဖွေခဲ့ပြီးဖြစ်သည်။

မြို့တော်ပါရီတွင် ဒီဇင်ဘာ ၁ ရက်က ဆန္ဒပြသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၁၃ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်က ၄င်း၏ မူဝါဒများထဲတွင် ထိပ်တန်းဦးစားပေးမှု တစ်ခုဖြစ်သည့် ကမ္ဘာမြေပူနွေးလာမှုဖြစ်စဉ်အား ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် လောင်စာဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

-Ref: NHK