ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ပထနေ့အဖြစ် ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊၊ ပြည်နယ်ကော်မတီဝငများ၊ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားစတင်ချိန် ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများမှ နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော် သီချင်း သီဆိုကြပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုး လူငယ်မောင်မယ်များမှ တေးသီချင်းသီဆိုကြပါသည်။ ထို့နောက် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူက အမှာစကားပြောကြားပြီး ၊ ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါက်တာနန်းကိန်ဖောင်းတစ်ပ်က အခမ်းအနားကျင်းပမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ခေတ္တရပ်နားပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ အစုအဖွဲ့(၄)ဖွဲ့ခွဲ၍ သတ်မှတ်ထားသော ခေါင်းစဉ်များအလိုက် ဆွေးနွေးကြပါသည်။

အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ကို (၂၈) ရက်နှင့် (၂၉) ရက် (၂) ရက်ကျင်းပမည်ဖြစ်ပြီး မနက်ဖြန် (၂၉) ရက်နေ့တွင် အစုအဖွဲ့များမှ ဆွေးနွေးတွေ့ရှိချက်များကို စာတမ်းပြုစု၍ ဖတ်ကြားတင်ပြကြမည်ဖြစ်ပါသည်။

USDP Shan – North