ဘင်္ဂါလီပြဿနာဖြေရှင်းရေး အကူအညီပေးမည်ဟု နယူးဇီလန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်း

ဘင်္ဂါလီပြဿနာကို ဖြေရှင်းရေး လိုအပ်သော အကူအညီပေးမည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်းခဲ့ ကြောင်းသိရသည်။ ၎င်းတို့ နှစ်ဦး သည် ဗီယက်နမ်နိုင်ငံ Apec ညီလာခံနှင့်ဖိလစ်ပိုင် နိုင်ငံတွင်ကျင်းပသော အရှေ့အာရှညီလာခံ၌ နောက်ဆုံး တွေ့ဆုံပြီး  နိုဝင်ဘာ ၁၄ ရက်ကစင်ကာပူနိုင်ငံတွင် တွေ့ဆုံခဲ့သည်။

နှစ်ဖက်တွေ့ဆုံမှုမတိုင်မီ အာဒန်က ၎င်းအနေဖြင့်ဘင်္ဂါလီ ပြဿနာအကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအတွင်း တင်ပြမည်ဟုပြောသည်။ နှစ်ဦးတွေ့ဆုံမှုပြီးနောက် မစ္စစ်အာဒန်၏ ပြောရေးဆိုခွင့်ရှိ သူတစ်ဦး က ၎င်းတို့နှစ်ဦးသည် ဘင်္ဂါလီအရေး အခြေအနေကို အဓိကဆွေးနွေးခဲ့သည်ဟု ပြော သည်။

‘‘ရခိုင်ပြည်နယ်ရဲ့ မြေပြင်က လက်ရှိအခြေအနေနဲ့လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်တာ တွေကို ဆွေးနွေးခဲ့ကြ ပါတယ်’’ ဟု ယင်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။ နယူးဇီလန်အနေဖြင့် ယင်းအခြေအနေ ပြေလည်စေရေး ဆောင်ရွက်ပေးနိုင်မည့်နည်း လမ်းမှန်သမျှ နယူးဇီလန်က ကူညီရန်ဆန္ဒရှိကြောင်း မစ္စစ်အာဒန်က ပြောကြားခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

မစ္စစ်အာဒန်သည် ဩစ တြေးလျဝန်ကြီးချုပ်သစ် စကော့ မောရစ်ဆင်၊ တရုတ်ဝန်ကြီးချုပ် လီကီကျန်းတို့နှင့်လည်း တွေ့ဆုံ ပြီး ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒူး၊ အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
_Ref:NZ herald