စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအမျိုးသမီးညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မုံရွာ၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းအမျိုးသမီးညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်/မြို့နယ် ပါတီဥက္ကဌများ ၊ အမျိုးသမီးရေးရာတာဝန်ခံများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က တိုင်းပြည်ခိုင် ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းညိနှိုင်းအစည်းအဝေးအခမ်းအနားတွင် ပထမဦးစွာ ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌဒေါက်တာမြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေက တိုင်းအမျိုးသမီးညီလာခံကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက်တွင် တက်ရောက်လာသော ခရိုင်ပါတီဥက္ကဌများ၊ အမျိုးသမီးရေးရာတာဝန်ခံများမှ ဆွေးနွေးတင်ပြကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက လိုအပ်ချက်များကို ဖြည့်စွက်ညှိနှိုင်းပြောကြားခဲ့ကာ ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁:၀၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ တိုင်းအမျိုးသမီးညီလာခံကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင် (၉) ခရိုင်မှ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဌများ၊ ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံများ စုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီ