ဖော်မြူလာသရီး ကားမောင်းပြိုင်ပွဲတွင် မိုက်ကယ်ရှူးမေကာ၏ သား အနိုင်ရဗိုလ်စွဲ

ဂျာမနီ ဂန္ထဝင်ပြိင်ကား မောင်းသမား မိုက်ကယ်ရှူးမေကာ၏သား မစ်ခ်ရှူးမေကာသည် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲ လိုသေးသော်လည်း ဖော်မြူလာသရီး ဥရောပဆုဖလားကို ဆွတ်ခူးခဲ့သည်။

အသက် (၁၉) နှစ်အရွယ် မစ်ခ်ရှူးမေကာသည် မိခင်ဂျာမနီနိုင်ငံ ဟော့်ကန်ဟိမ်းမြို့၌ ကျင်းပသော ဖော်မြူလာ သရီးကား မောင်းပြိုင်ပွဲတွင် ဒုတိယနေရာမှ ပန်းဝင်ခဲ့သည်။

သို့သော် မစ်ခ်ရှူးမေကာအနေဖြင့် တစ်ရာသီလုံးစာဖော်မြူလာသရီးကားမောင်းပြိုင်ပွဲတွင် ၃၆၅ မှတ်ရရှိသဖြင့် တစ်ပွဲယှဉ် ပြိုင်ရန် ကျန်သေးသော်လည်း ကျန်ပြိုင်ဘက်များလိုက်မီရန် မဖြစ်နိုင်တော့၍ ယင်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးဂျူနီ ယာဂျာမနီပြိုင်ကားမောင်းသမား ဖြစ်လာသည်။

ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းကြောင့် မစ်ခ်ရှူးမေကာအနေဖြင့် လာမည့်နှစ်ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ပရီမာအသင်းသား မစ်ခ်ရှူး မေကာသည် ယခုနှစ်ဖော်ဖြူလာ သရီးကားမောင်းပြိုင်ပွဲတွင် ရှစ်ပွဲ ဗိုလ်စွဲခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် ဗြိတိန်နိုင်ငံမှ ဒမ်တစ်တမ်ထက် ၅၉ မှတ် အသာရခဲ့သည်။

‘‘ကျွန်တော် လုံးဝဝမ်းသာ ကြည်နူးမိပါတယ်။ ဒီအသင်းနဲ့ အတူ ရခဲ့တဲ့အောင်မြင်မှုက မယုံကြည်နိုင်စရာပါပဲ’’ ဟု မစ်ခ်ရှူး မေကာက ပြောသည်။

မစ်ရှူးမေကာသည် ဖော်မြူလာသရီးကားမောင်းပြိုင်ပွဲသို့ လွန်ခဲ့သော တစ်နှစ်ကျော်က စတင် ဝင်ရောက်ခဲ့ ပြီးနောက် ယခု ကဲ့သို့ ၎င်း၏ ကစားမားဘဝပထမဆုံး ဆုဖလား ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။

ဖော်မြူလာဝမ်းကားမောင်း ချန်ပီယံ (၇) ကြိမ်ဖြစ်ခဲ့ပြီး ယင်း ပြိုင်ပွဲ၏ အအောင်မြင်ဆုံး ပြိုင်ကား မောင်းသမား အဖြစ် စံချိန်စိုက်ထူထားသူ မိုက်ကယ်ရှူးမေကာသည် ၂၀၁၃ ဒီဇင်ဘာက ပြင်သစ်နိုင်ငံတွင် နှင်းလျှောစီးရင်း မတော်တဆဖြစ်ပွားခဲ့ပြီး ဦးခေါင်း၌ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့သည့် နောက်ပိုင်းလူမြင်ကွင်းမှ ပျောက်ကွယ်နေသည်။

—Ref: BBC/AFP