” ကျောက်ဆည်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ရှမ်းတိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်ဆိုင်းဘုတ်တင်ပွဲအခမ်းနား “

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်၊ တိုင်းဒေသကြီးကော်မတီဝင် ဘဏ္ဍရေးမှူး ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးအောင်မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံ ဦးသန်းဝင်းစိုးနှင့် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဆွေဆွေလင်း၊ ရပ်/ ကျေးပါတီ ၉၆ အုပ်စုမှ ပါတီဥက္ကဌများနှင့်ကော်မတီဝင်များ၊ ရှမ်းတိုင်းရင်းသားပါတီဝင်များ၊ လူငယ်အမျိုးသား အမျိုးသမီးများ အင်အား ( ၁၀၀ ) တက်ရောက်ကြသည်။
ရှေးဦးစွာ မင်္ဂလာအချိန် ၈ နာရီခွဲတွင် ဆိုင်းဘုတ်အား ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်မှ အမွှေးနံ့သာများ ပက်ဖျန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးကေည်မတီဝင် ဦးသန်းထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းတို့မှ အမွှေးနံ့သာများ ပက်ဖျန်းကာ ပြည်ခိုင်ဖြိုးပါတီ အောင်ရမည် အောင်ရမည် အောင်ရမည် ဟုလည်းကောင်း အောင်ပြီ အောင်ပြီ အောင်ပြီ ကြွေးကြော်ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။