ပန်းတနော်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ပန်းတနော် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးကျင်းပသော ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပန်းတနော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမ ပိုင်းတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားဖွင့် လှစ်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးÓဏ် လင်း၊ တိုင်းပါတီကော်မတီဝင်၊ မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ တိုင်းပါတီကော်မတီဝင်၊ တိုင်း အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နွယ် နွယ်ဦးတို့က အမှာစကား အသီး သီးပြောကြားခြင်း၊ ပန်းတနော်မြို့ နယ်ပါတီအမျိုးသမီးရေးရာ တာ ဝန်ခံဒေါ်ခင်မိုးအေးကဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပမည့် အစီအစဉ်များ ရှင်း လင်းတင်ပြခြင်း၊ အစုအဖွဲ့အလိုက် စာတန်းလေးစောင်အား ဆွေးနွေး ရေးသားခြင်း၊ တက်ရောက်လာ သော အမျိုးသမီးကိုယ်စားလှယ် လေးဦးကအစုအဖွဲ့အလိုက်စာတမ်း လေးစောင်ဖတ်ကြားခြင်း၊ ဗဟို အမျိုးသမီးညီလာခံ (၂ဝ၁၈)နှင့် တိုင်းဒေသကြီးပါတီ အမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲ တက်ရောက်မည့် ညီလာခံကိုယ် စားလှယ်စာရင်းတင်ပြခြင်း၊ မြို့ နယ်အမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲ၏ မှတ်တမ်းတင် ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ် ငန်းစဉ်များထုတ်ပြန်ခြင်း၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော် မင်းသန်းက နိဂုံးချုပ်အမှာစကား ပြောကြားခြင်း၊”ပြည်ခိုင်ဖြိုးဟေ့” တေးသီချင်းသံပြိုင်သီဆို၍ အခမ်း အနားပြီးမြောက်ခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးÓဏ်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မအူ ပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူးဦးရန်နိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ပန်းတနော် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌ များနှင့် အမျိုးသမီးရေးရာအဖွဲ့ ဝင်များ စုစုပေါင်းအင်အား၁၅ဝ ခန့်တက်ရောက်ခဲ့သည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)