ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပရေးညှိနှိုင်း

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်က လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။မြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်သီသီမွန် က အမျိုးသမီးညီလာခံအားကြိုဆို ထောက်ခံပွဲအတွက် ဘကကျောင်း နှင့် မူကြိုကျောင်းများတွင် ဗလာ စာအုပ်များ လှူဒါန်းရန်နှင့် မူကြို ကလေးများအား အာဟာရဒါန ကျွေးမွေးလှူဒါန်းရန်ကိစ္စများအား ဆွေးနွေးညှိနှိုင်းခဲ့ပြီး စည်းရုံးရေး တာဝန်ခံက လစဉ်စည်းရုံးအင်အား ရရှိရေး၊ရရှိပြီးအင်အားများ အမာခံ အင်အားဖြစ်စေရေး၊ ပါတီဝင်ကြေး ရရှိရေးများ ဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်ကွက်ပါတီကော် မတီဝင်များက ပြန်လည်ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို မွန်းလွဲ ၃နာရီခွဲတွင် ကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။

ဗိုလ်စော(ကမာရွတ်)