ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုထောက်ခံ မြောက်ဥက္ကလာပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံ အကြို ထောက်ခံကြိုဆိုလုပ်အားပေးပွဲကို ယမန်နေ့နံနက်၈နာရီမှ စတင်၍ မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် အလက(၁)စာသင်ကျောင်းအတွင်း အပြင် ချုံနွယ်ပိတ်ပေါင်းများရှင်း ခြင်း၊အမှိုက်များရှင်းလင်းခြင်း၊ ကျောင်း ဘေးပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ခြင်း၊သွေး လွန်တုပ်ကွေးကာကွယ်ရေး၊ခြင်ဆေး ဖျန်းဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြကြောင်းသိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲထောက်ခံကြိုဆို လုပ်အားပေးပွဲအား ရန်ကုန်တိုင်း ဒေသကြီး ပါတီမှ ဗဟိုကော်မတီ ဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်ဒေါ်အေးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည် လင်း၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်လဲ့လဲ့အေး၊ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ်ပါတီ ကော်မတီများ၊ မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံ ရပ်ကွက်အမျိုး သမီးအဖွဲ့ဝင်များ၊ မြို့နယ်လူငယ် တာဝန်ခံနှင့် ရပ်ကွက်လူငယ်ကော် မတီဝင်များ၊ (ဂ)ရပ်ကွက်ပါတီ ဥက္ကဋ္ဌဦးစိုးနိုင်နှင့်ကော်မတီဝင်များ၊ အင်အား ၇ဝ ပါဝင်လုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)