ကော့ကရိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ကော့ကရိတ် စက်တင်ဘာ ၂၃

ကော့ကရိတ်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခန်းမ၌ ယမန်နေ့ နံနက် ၁ဝနာရီက ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပရာ အခမ်း အနားသို့ ပြည်နယ်ပါတီကော်မတီဝင် (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်စန္ဒာဦး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းဝင်း၊ ခရိုင် အတွင်းရေးမှူးနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာပါတီဝင်များ စုစုပေါင်း အင်အား ၇ဝ ကျော် တက်ရောက်ခဲ့ကြ သည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုကာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး မြို့နယ်ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးပါတီဝင်လေးဦး က စာတမ်းလေးစောင် ဖတ်ကြားပေးပြီး မြို့နယ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကာ အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။