သတင်းစာရှင်းလင်းပွဲမှာ ဒေါသပေါက်ကွဲခဲ့တဲ့ ပိုချက်တီနို

အင်တာမီလန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွက် စပါးနည်းပြပိုချက်တီနိုက ကစားသမားများကို ပြစ်တင်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါပွဲတွင် စပါးအသင်းဟာ အဲရစ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အိုင်ကာဒီ၊ဗီဆီနို တို့ ရဲ့သွင်းဂိုးများကို ပြန်လည်ခွင့်ပြုပေးခဲ့ရတာကြောင့် ရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ ထရစ်ပီယာနဲ့ အယ်ဒါဝီရက်စ်တို့ကို အီတလီသို့ ခေါ်လာခဲ့ခြင်း မရှိတဲ့အတွက်  မီဒီယာတွေရဲ့ မေးခွန်းအပေါ်ကိုလည်း နည်းစနစ်ပိုင်း အပြောင်းအလဲကြောင့်လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ စပါး ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဆိုပါ ၃ ပွဲတွင် ကစားခဲ့တဲ့ ကစားကွက်များမှာလည်း တူညီခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

ပိုချက်တီနိုက “ ဘောလုံးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူနိုင်ပါဘူး။ ရှုံးနိမ့်မှုတွေအတွက် ကျွန်တော်ကို အပြစ်တင်နိုင်ပါတယ်။ ပြိုင်ဘက်ကိုကြည့်ပြီး အသင်းအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းနဲ့ ကစားကွက်ကို ကစားစေခဲ့တာပါ။ ဒါတွေဟာ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေဖြစ်ပေမဲ့ ကစားသမားတွေက အပြည့်အဝ မကစားခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။

-Ref; Sky sports