တူရကီလိဂ်တစ်နှစ်တာအကောင်းဆုံး နောက်ခံလူဆု ပီပီ ရရှိ

တူရကီလိဂ် တစ်နှစ်တာအကောင်းဆုံးနောက်ခံလူဆုကို ဘက်ဆီးတပ်စ်မှ ရီးရဲလ်အသင်းသားဟောင်း ပေါ်တူဂီ လက်ရွေးစင် ပီပီရရှိခဲ့သည်။ တူရကီစူပါလိဂ်၏ ပြီးခဲ့သည့်နှစ် အကောင်းဆုံးကစားသမားများကို ပြည်သူနှင့် ကျွမ်းကျင်သူများက ရွေးချယ်ခဲ့ပြီး ဆုရကစားသမားများအား စက်တင် ဘာ ၁၂ ရက် ညကဆုချီးမြှင့်ခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂါလာတာစာရေးတိုက်စစ်မှူးဟောင်း ဂိုမစ်က ရရှိပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂါလာတာစာရေး နည်းပြ ဖာတစ်တီရင်ရရှိသည်။

နွေရာသီက ဆော်ဒီအာရေး ဗီးယားကလပ် အယ်လ်ဟီလယ်သို့ ပြောင်းရွှေ့ခဲ့သော ဂိုမစ်သည် ဗီဒီယို ဆက်သွယ်မှုမှတစ်ဆင့် ဆုပေးပွဲတွင် ပါဝင်ခဲ့ပြီး အလွန်ပြိုင်ဆိုင်မှုရှိသော အရည်အသွေးမြင့် လိဂ်တစ်ခုတွင် ဂုဏ်ပြုခံရ၍ ဝမ်းမြောက်မိသည်ဟု ပြောသည်။

ယင်းပြင်သစ်တိုက်စစ်မှူးသည် တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးအဖြစ်လည်း ရွေးချယ်ခံရသည်။ ၎င်း၏ အသင်းဖော်ဟောင်း ဖာနန်ဒိုမူဆလီရာသည် တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုရခဲ့ပြီး ဘက်ဆီးတပ်စ် နောက်ခံလူ ပီပီ သည် တစ်နှစ်တာ အကောင်းဆုံးဆု ရရှိခဲ့သည်။ ဘက်ဆက်ဆီဟာအသင်းမှ အမ်မရီဘီလို ဇိုဂလူက တစ်နှစ်တာအကောင်းဆုံး ကွင်းလယ် ကစားသမားဆု ရရှိခဲ့သည်။

ယင်းဆုပေးပွဲတွင် တူရကီဘောလုံးအဖွဲ့ချုပ် (TFF) ဥက္ကဋ္ဌ ဒီမီရိုရန်က ယခုဆုပေးပွဲသည် တူရကီဘောလုံး လောက၏ စွမ်းပကားကို ဖော်ပြမှုဖြစ်ကြောင်း ဖြေကြားသည်။ ထို့အပြင် တူရကီ သည် ဥရောပဘောလုံးဖွံ့ဖြိုးရေး ကူညီရန်အသင့်ရှိပြီး ၂၀၂၄ ဥရောပချန်ပီယံရှစ် အိမ်ရှင်နိုင်ငံဖြစ်ရန် ထိုက်တန်သည်ဟု ၎င်းက ပြောသည်။

တူရကီနိုင်ငံသားများသည် ဘောလုံးကို အလွန်မြတ်နိုးပြီး တူရကီနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားခြင်း ကြောင့် မိမိတို့ ယင်းပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရသင့်ကြောင်း ဒီမီရိုရန်က ပြောသည်။

—Ref:AFP